back

ဂျပန်မြို့တော်တစ်ခု၌ ဝက်ဝံမြင်တွေ့မှုကြောင့် စာသင်ကျောင်း ၉၄ ကျောင်း ပိတ်ထား

Jun 09 • 8:17 AM

breaking-news

Japan

Local News

cover

ဂျပန်မြို့တော်တစ်ခု၌ ဝက်ဝံမြင်တွေ့မှုကြောင့် စာသင်ကျောင်း ၉၄ ကျောင်း ပိတ်ထား

ဂျပန်နိုင်ငံ၊ ယူဆူနိုမီယာမြို့တော် လူနေရပ်ကွက်နှင့် စာသင်ကျောင်းအနီးတွင် ဝက်ဝံတစ်ကောင် လှည့်လည်သွားလာနေမှုကို ဇွန်လ ၆ ရက်နှင့် ၈ ရက်နေ့တို့၌ မြင်တွေ့ခဲ့ရသဖြင့် ...

ဂျပန်နိုင်ငံ၊ ယူဆူနိုမီယာမြို့တော် လူနေရပ်ကွက်နှင့် စာသင်ကျောင်းအနီးတွင် ဝက်ဝံတစ်ကောင် လှည့်လည်သွားလာနေမှုကို ဇွန်လ ၆ ရက်နှင့် ၈ ရက်နေ့တို့၌ မြင်တွေ့ခဲ့ရသဖြင့် ကြိုတင်ကာကွယ်မှုအနေဖြင့် မြို့တွင်းရှိ အခြေခံနှင့် အလယ်တန်းကျောင်း ၉၄ ကျောင်းကို အာဏာပိုင်များက ဇွန်လ ၈ ရက်တွင် အရေးပေါ် ပိတ်ထားခဲ့ရသည်။ ဂျပန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဝက်ဝံကောင်ရေ ၃ ဆအထိ တိုးပွားလာပြီး မြို့ပြများအထိ လူကိုရန်ပြုမှုများ မြင့်တက်နေကာ၊ ပြီးခဲ့သည့်အပတ်ကလည်း ဖူကူရှီးမားမြို့တွင် ဝက်ဝံကိုက်သဖြင့် လူ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

news-view-count-icon

19