ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်မိုင်ရပ်ကွက် အာရှလမ်းမကြီးပေါ်တွင် ဇွန်လ ၈ ရက်နေ့က ဗန်ကားတစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇ ဦးနှင့် အသက် ၃၁ နှစ်အရွယ် ထိုင်းယာဉ်မောင်းတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ကြိုတင်သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့သည်။ ကားပေါ်တွင် ပါရှိသည့် မြန်မာလုပ်သား ၇ ဦးမှာ နိုင်ငံကူးလက်မှတ်နှင့် မည်သည့်အထောက်အထားစာရွက်စာတမ်းမျှ ပြသနိုင်ခြင်းမရှိသဖြင့် ထိုင်းယာဉ်မောင်းအား တရားမဝင် နိုင်ငံခြားသား သယ်ယူပို့ဆောင်မှုဖြင့်လည်းကောင်း၊ မြန်မာလုပ်သားများကိုမူ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုဖြင့်လည်းကောင်း အမှုဖွင့်ကာ မဟာရတ်ရဲစခန်းသို့ လွှဲပြောင်းအရေးယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယရှိ အာရှလမ်းတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇ ဦးနှင့် ထိုင်းယာဉ်မောင်း ဖမ်းဆီးခံရ
Jun 09 • 8:14 AM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


