back

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် ပြပွဲကျင်းပမည်

Jun 09 • 8:11 AM

breaking-news

China

Local News

cover

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် ပြပွဲကျင်းပမည်

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်"Myanmar–China Trade & Investment Expo 2026 ကို ဇွန် ၂၆ ရက်မှ ၂...

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်"Myanmar–China Trade & Investment Expo 2026 ကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါပြပွဲကို Yangon Convention Center (YCC), Yangonတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် အထူးပြပွဲဖြစ်ကြောင်း သိရသည်။ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ စားသောက်ကုန်နှင့် လူသုံးကုန် လုပ်ငန်းများ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊အလှကုန်၊ ဖက်ရှင်နှင့် လက်မှုပစ္စည်းလုပ်ငန်းများ

ဝန်ဆောင်မှုလုပ်ငန်းများပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ကြောင်းလည်း အသိပေးထားသည်။မြန်မာ MSMEs များအတွက် အထူးအားပေးနှုန်း (Special Local MSME Price) ဖြင့် Booth များ ငှားရမ်းနိုင်ကြောင်းလည်း သိရသည်။

news-view-count-icon

1