back

ရန်ကုန်နှင့် ကျိုင်းတုံမြို့တို့၏ မေလအတွင်း လေထုအရည်အသွေး အခြေအနေ

Jun 09 • 8:00 AM

breaking-news

Myanmar

Local

cover

ရန်ကုန်နှင့် ကျိုင်းတုံမြို့တို့၏ မေလအတွင်း လေထုအရည်အသွေး အခြေအနေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ရန်ကုန် (ကမ္ဘာအေး)ရုံး၌ လေထုအတွင်းရှိ အမှုန်အမွှားများ (PM2.5)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မျ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ရန်ကုန် (ကမ္ဘာအေး)ရုံး၌ လေထုအတွင်းရှိ အမှုန်အမွှားများ (PM2.5)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မျက်နှာပြင်အိုဇုန်း (O3 )၊ (PM10  နှင့် PM2.5 ) ပါဝင်မှုများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်တိုင်းတာလျက်ရှိသည်။၂၀၂၆ ခုနှစ် မေလအတွင်း တိုင်းတာရရှိသည့် အချက်အလက်များအရ မြို့ကြီးနှစ်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်းအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။ရန်ကုန် (ကမ္ဘာအေး)မေလအတွင်း တိုင်းတာရရှိသည့် နေ့ရက်များတွင် လေထုအရည်အသွေးသည် "ကောင်းမွန်သော အဆင့်"တွင် ၈ ရက် ရှိခဲ့သည်။ကျန်ရှိသည့် ၂၀ ရက်တွင် "အသင့်အတင့်အဆင့် " ရှိကြောင်း တွေ့ရှိရသည်။ကျိုင်းတုံမြို့မေလအတွင်း လေထုအရည်အသွေးသည် "ကောင်းမွန်သော အဆင့်"အဆင့်တွင် ၈ ရက်ရှိခဲ့သည်။

ကျန်ရှိသည့် ၂၃ ရက်တွင် "အသင့်အတင့်အဆင့် " ရှိကြောင်း တွေ့ရှိရသည်။

news-view-count-icon

32