back

တောင်ကိုရီးယား၌ ကြက်ငှက်တုပ်ကွေးနှင့် ရာသီဥတုကြောင့် ကြက်ဥဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

Jun 09 • 6:53 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား၌ ကြက်ငှက်တုပ်ကွေးနှင့် ရာသီဥတုကြောင့် ကြက်ဥဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး (Avian Influenza) ကူးစက်မှုများနှင့် ရာသီဥတုပူပြင်းမှုတို့ကြောင့် ပြည်တွင်း၌ ကြက်ဥထုတ်လုပ်မှု သိသိသာသာ လျော့နည်းလာကာ ...

တောင်ကိုရီးယားနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး (Avian Influenza) ကူးစက်မှုများနှင့် ရာသီဥတုပူပြင်းမှုတို့ကြောင့် ပြည်တွင်း၌ ကြက်ဥထုတ်လုပ်မှု သိသိသာသာ လျော့နည်းလာကာ ကြက်ဥဈေးနှုန်းများ စံချိန်တင်မြင့်တက်လာပြီး ပြည်သူများ၏ နေ့စဉ်စားသောက်စရိတ်အပေါ် ဝန်ထုပ်ဝန်ပိုး ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းစားသောက်ကုန်ကုန်သွယ်မှုကော်ပိုရေးရှင်း (aT) ၏ စာရင်းဇယားများအရ လက်ရှိတွင် ကြက်ဥအလုံး ၃၀ ပါ တစ်ကတ်လျှင် ပျမ်းမျှRetail စျေးနှုန်းမှာ ၇,၃၀၀ ဝမ်မှ ၈,၀၀၀ ဝမ်ဝန်းကျင်အထိ ရှိနေပြီး၊ သာမန်ကြက်ဥများမှာ စူပါမားကတ် စင်ပေါ်၌ လျင်မြန်စွာ ပြတ်လပ်သွားလေ့ရှိသောကြောင့် စားသုံးသူများအနေဖြင့် ၁၀,၀၀၀ ဝမ်ကျော် တန်ဖိုးရှိသည့် အော်ဂဲနစ် (Organic) ကြက်ဥများကိုသာ မဖြစ်မနေ ဝယ်ယူနေရကြောင်း သိရသည်။

စျေးကွက်ကျွမ်းကျင်သူများ၏ အဆိုအရ ပြီးခဲ့သည့် ဆောင်းရာသီမှစတင်ကာ ကြက်ငှက်တုပ်ကွေးကြောင့် ဥစားကြက်အကောင်ရေ သန်းနှင့်ချီ၍ သုတ်သင်ရှင်းလင်းခဲ့ရခြင်း၊ အစာကျွေးစရိတ် (Feed Costs) မြင့်မားခြင်းနှင့် နွေရာသီ အပူလှိုင်းကြောင့် ကြက်များ၏ ဥနှုန်းကျဆင်းခြင်းတို့က ယခုကဲ့သို့ "ကြက်ဥဖောင်းပွမှု" (Eggflation) ကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ တောင်ကိုရီးယားအစိုးရနှင့် အဓိက လက်လီအရောင်းဆိုင်ကြီးများ (Homeplus, Lotte Super, Emart) သည် ဈေးကွက်ကို ထိန်းညှိရန်အတွက် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ကြက်ဥများကို အရေးပေါ် တင်သွင်းကာ တစ်ကတ်လျှင် ၅,၉၉၀ ဝမ်ဝန်းကျင်ဖြင့် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနေသော်လည်း၊ ကြက်ဥထုတ်လုပ်မှု ကွင်းဆက်ပြန်လည်ကောင်းမွန်ရန် ၆ လထက်မနည်း အချိန်ယူရမည်ဖြစ်သောကြောင့် ယခုကြက်ဥစျေးနှုန်း မြင့်မားမှုဒဏ်ကို ပြည်သူများအနေဖြင့် လာမည့် ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလအထိ ဆက်လက်ခံစားရဖွယ်ရှိကြောင်း သိရသည်။

news-view-count-icon

17