back

ထိုင်းတောင်ပိုင်း ဖန်ငခရိုင်တွင် ကမ္ဘာ့သမုဒ္ဒရာများနေ့ (World Oceans Day) ကျင်းပ

Jun 09 • 2:09 AM

breaking-news

Thailand

Local News

cover

ထိုင်းတောင်ပိုင်း ဖန်ငခရိုင်တွင် ကမ္ဘာ့သမုဒ္ဒရာများနေ့ (World Oceans Day) ကျင်းပ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ဘန်စပ်ကမ်းခြေ၌ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့သမုဒ္ဒရာများနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ဘန်စပ်ကမ်းခြေ၌ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့သမုဒ္ဒရာများနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် ထိုင်းအစိုးရအာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာရွှေ့ပြောင်းအဖွဲ့အစည်းများ ပူးပေါင်းကာ ပင်လယ်ရေအရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် ပညာပေးဟောပြောခြင်း၊ ကမ်းခြေသန့်ရှင်းရေးလုပ်ခြင်းနှင့် ပင်လယ်လိပ်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ကျောင်းသား၊ ဆရာနှင့် ဝန်ထမ်း ၅၉ ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာရွှေ့ပြောင်းလုပ်သားများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ရှိလာစေရန် ရည်ရွယ်၍ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။ ကမ္ဘာ့သမုဒ္ဒရာနေ့ကို ရေနေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ကုလသမဂ္ဂက ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ် ဇွန်လ ၈ ရက်နေ့တိုင်း တရားဝင် ကျင်းပလာခြင်း ဖြစ်သည်။

news-view-count-icon

14