back

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အမျိုးသမီးကလပ်အသင်းအချို့ အိမ်ကွင်းလက်ခံကျင်းပနိုင်ရန် ကြိုးစားနေ

Jun 09 • 2:05 AM

breaking-news

Myanmar

Local

cover

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အမျိုးသမီးကလပ်အသင်းအချို့ အိမ်ကွင်းလက်ခံကျင်းပနိုင်ရန် ကြိုးစားနေ

လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ခွဲ၍ ကျင်းပမည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အမျိုးသမီးကလပ်အသင်းအချို့က ၎င်းတို့၏ သက်...

လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ခွဲ၍ ကျင်းပမည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အမျိုးသမီးကလပ်အသင်းအချို့က ၎င်းတို့၏ သက်ဆိုင်ရာမြို့များ၌ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာအမျိုးသားလိဂ်ကော်မတီအနေဖြင့် လာမည့်ရာသီအတွက် သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ MFF လေ့ကျင့်ရေးကွင်း (၁)၊ YUSC ကွင်းနှင့် ပုသိမ်မြို့ ကျောက်တိုင်ကွင်း စသည့် ကွင်း ၅ ကွင်း၌ ကျင်းပရန် လျာထားသည်။ယင်းအနက် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းသည် ပထမအကျော့ ၂ ပွဲနှင့် ဒုတိယအကျော့ ၂ ပွဲ (စုစုပေါင်း ၄ ပွဲ) ကို ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ထို့ပြင် ယခုရာသီတွင် အသင်းသစ်များအဖြစ် စတင်ဝင်ရောက်ယှဉ်ပြိုင်မည့် ရတနာပုံအမျိုးသမီးအသင်းသည် မန္တလေးမြို့တွင်လည်းကောင်း၊ ဇွဲကပင်ယူနိုက်တက်အမျိုးသမီးအသင်းသည် ဘားအံမြို့ ပြည်နယ်ကွင်းတွင်လည်းကောင်း အိမ်ကွင်းပွဲစဉ်များ လက်ခံကစားနိုင်မည့် အခြေအနေတွင် ရှိနေသည်။ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲတွင် ၉ သင်း ပါဝင်ခဲ့သော်လည်း လာမည့်ရာသီတွင်မူ YREO အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ အသင်းသစ် ၂ သင်း ထပ်မံတိုးချဲ့လာသဖြင့် စုစုပေါင်း ၁၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါအသင်းများမှာ ဧရာဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young Lioness၊ မြဝတီ၊ ရန်ကုန်စီးတီး၊ ရတနာပုံနှင့် ဇွဲကပင်အသင်းတို့ ဖြစ်ကြသည်။

news-view-count-icon

33