ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၏ အချက်အချာကျသော Chang Khlan ရပ်ကွက်၊ Sri Don Chai လမ်းပေါ်ရှိ ဘဏ်တစ်ခုတွင် ဇွန်လ ၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့သည်။အဆိုပါ ဖြစ်စဉ်ကြောင့် ချင်းမိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄ စီး စေလွှတ်ကာ အရေးပေါ် မီးငြှိမ်းသတ်ခဲ့ရပြီး ဘဏ်အဆောက်အအုံအတွင်း ပိတ်မိနေသည့် မီးခိုးငွေ့များကို စုပ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရသည်။ပတ်ဝန်းကျင် ပြည်သူများ၏ ပြောကြားချက်အရ မီးမလောင်မီ အဆောက်အအုံအတွင်းမှ ထရန်စဖော်မာ သို့မဟုတ် လျှပ်စစ်ပစ္စည်း ပေါက်ကွဲသံကဲ့သို့အသံတစ်ခု ကြားရပြီးနောက် မီးခိုးငွေ့များ အလုံးအရင်းဖြင့် ထွက်လာကာ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သော်လည်း မီးသတ်တပ်ဖွဲ့က အချိန်မီ ထိန်းချုပ်နိုင်ခဲ့သည်။
Jun 08 • 12:55 PM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


