ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးကောင်စီ (TCC) သည် အွန်လိုင်းရင်းနှီးမြှုပ်နှံမှု ငွေလိမ်ဂိုဏ်းများကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ရမှုအတွက် ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Meta, LINE, Apple, Google တို့၏ မိခင်ကုမ္ပဏီများနှင့်အတူ ထိုင်းပြည်တွင်းစီးပွားရေးဘဏ် ၉ ခုကိုပါ ဘတ် ၂၃၀ သန်းကျော် နစ်နာကြေးရရှိရန် ဇွန်လ ၈ ရက်နေ့က အရပ်ဘက်တရားရုံး၌ သမိုင်းဝင်ပထမဆုံးအကြိမ်အဖြစ် ပူးတွဲတရားစွဲဆိုလိုက်သည်။ အဆိုပါနည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ ပလတ်ဖောင်းများပေါ်တွင် လိမ်လည်သည့်ကြော်ငြာများ၊ အုပ်စုများနှင့် အက်ပလီကေးရှင်းအတုများကို ခွင့်ပြုထားပြီး သုံးစွဲသူများ၏ လုံခြုံရေးကို ကာကွယ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ငွေလွှဲပြောင်းမှုတွင် ပါဝင်သည့် ဘဏ် ၉ ခုသည်လည်း ပုံမှန်မဟုတ်သော ငွေကြေးစီးဆင်းမှုများကို စောင့်ကြည့်ရန်နှင့် နာမည်ခံအကောင့်တု (Mule Accounts) များကို အရေးယူပိတ်ဆို့ရန် နှောင့်နှေးခဲ့ကြောင်း ထောက်ပြထားပြီး၊ တရားရုံးက လာမည့် ဩဂုတ်လ ၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကြားနာစစ်ဆေးရန် ရက်ချိန်းပေးထားကြောင်း သိရသည်။
Jun 08 • 12:53 PM
Thailand
Local News
Share
| 20 | 0 | 0 | 0 |


