back

ဂျပန်၌ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များကို အထူးအခွင့်အရေးပေးသည့် အစီအစဉ်များကြောင့် ပြည်တွင်း၌ ဝေဖန်မှုများနှင့် ငြင်းခုံမှုများထွက်ပေါ်လာ

Jun 08 • 4:01 AM

breaking-news

Japan

Local News

cover

ဂျပန်၌ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များကို အထူးအခွင့်အရေးပေးသည့် အစီအစဉ်များကြောင့် ပြည်တွင်း၌ ဝေဖန်မှုများနှင့် ငြင်းခုံမှုများထွက်ပေါ်လာ

ဂျပန်နိုင်ငံရှိ ဒေသန္တရအစိုးရအချို့က နိုင်ငံခြားသားခရီးသည်များကို ဆွဲဆောင်ရန်အတွက် ရှင်ကန်ဆန် (Shinkansen) ကျည်ဆန်ရထားလက်မှတ်ခများကို ထောက်ပံ့ပေးခြင်းနှင့် အခမဲ...

ဂျပန်နိုင်ငံရှိ ဒေသန္တရအစိုးရအချို့က နိုင်ငံခြားသားခရီးသည်များကို ဆွဲဆောင်ရန်အတွက် ရှင်ကန်ဆန် (Shinkansen) ကျည်ဆန်ရထားလက်မှတ်ခများကို ထောက်ပံ့ပေးခြင်းနှင့် အခမဲ့ဝင်ရောက်ခွင့်ပြုခြင်းစသည့် အထူးဦးစားပေးအစီအစဉ်များ ဆောင်ရွက်နေမှုအပေါ် ပြည်တွင်း၌ "မတရားဘူး" ဟူသော ဝေဖန်မှုများနှင့်အတူ အငြင်းပွားမှုများ ပြင်းထန်နေသည်။ ဥပမာအားဖြင့် ကာဂိုရှီးမား (Kagoshima) ခရိုင်အစိုးရသည် ကိုဗစ်မတိုင်မီက ခရီးသွားဦးရေ ပြန်လည်ရရှိရန်အတွက် ဖူကူအိုကာခရိုင် ဟာကာတာဘူတာမှ ကာဂိုရှီးမားသို့ လာမည့် နိုင်ငံခြားသားများ၏ တစ်ကြောင်းမောင်း ရှင်ကန်ဆန်ရထားခ ဝမ် ၁၀,၀၀၀ ခန့်ကို အပြည့်အဝစိုက်ထုတ် (Subsidize) ပေးမည့် အစီအစဉ်ကို ယခုဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ရာ၊ ကြေညာပြီး တစ်လအတွင်း "ဒါဟာ နိုင်ငံခြားသားတွေကို မျက်နှာသာပေးလွန်းရာ ရောက်တယ်"၊ "ပြည်သူတွေရဲ့ အခွန်ငွေတွေကို ဒီလိုနေရာမှာ မသုံးစေချင်ဘူး" စသည့် ကန့်ကွက်တိုင်ကြားမှုပေါင်း ၆၀၀ ခန့်အထိ ရှိလာခဲ့သောကြောင့် အချို့သော အပန်းဖြေစနစ်များနှင့် နေရာများတွင် နိုင်ငံခြားသားများအတွက် သီးသန့်လျှော့စျေးပေးခြင်းများကို ပြန်လည်ရပ်ဆိုင်းမှုများ ရှိလာကြောင်း သိရသည်။

news-view-count-icon

14