back

ကမ္ဘောဒီးယား၌ ၂၀၂၆ ခုနှစ် ပထမ ၄ လပတ်အတွင်း နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ၄၆ ရာခိုင်နှုန်းနီးပါး သိသိသာသာထိုးကျသွား

Jun 08 • 3:45 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယား၌ ၂၀၂၆ ခုနှစ် ပထမ ၄ လပတ်အတွင်း နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ၄၆ ရာခိုင်နှုန်းနီးပါး သိသိသာသာထိုးကျသွား

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပထမ ၄ လတာကာလအတွင်း နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ ၁.၃ သန်းသာ ရှိခဲ့သဖ...

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပထမ ၄ လတာကာလအတွင်း နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ ၁.၃ သန်းသာ ရှိခဲ့သဖြင့် ယမန်နှစ် အလားတူကာလက ဝင်ရောက်ခဲ့သည့် ၂.၄ သန်းနှင့် နှိုင်းယှဉ်ပါက ၄၆ ရာခိုင်နှုန်းနီးပါး (၄၅.၈ ရာခိုင်နှုန်း) အထိ သိသိသာသာ လျော့ကျသွားကြောင်း သိရသည်။ အဆိုပါ ၄ လတာအတွင်း ကမ္ဘောဒီးယားသို့ အများဆုံးလာရောက်သည့် ထိပ်သီးနိုင်ငံသုံးခုမှာ တရုတ် (၃၃၁,၁၉၉ ဦး)၊ ဗီယက်နမ် (၃၁၂,၀၂၁ ဦး) နှင့် အမေရိကန် (၈၀,၃၀၀ ဦး) တို့ ဖြစ်ကြပြီး ယမန်နှစ်ကထက် အသီးသီး ၁၄.၅ ရာခိုင်နှုန်း၊ ၂၄ ရာခိုင်နှုန်းနှင့် ၁၁.၅ ရာခိုင်နှုန်းစီ လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။ဒေသတွင်းသုတေသီများ၏ သုံးသပ်ချက်အရ ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသည် အင်တိုက်အားတိုက် လျော့ကျသွားရခြင်းမှာ ဒေသတွင်း စီးပွားရေးနှေးကွေးမှု၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (Online Scams) ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ထိုင်းနိုင်ငံနှင့် ဖြစ်ပွားနေဆဲဖြစ်သော နယ်စပ်အငြင်းပွားမှု အကျိုးသက်ရောက်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းနှင့် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများကလည်း အဓိကအကြောင်းရင်းများအဖြစ် ပါဝင်နေပြီး၊ ခရီးသွားကဏ္ဍသည် ကမ္ဘောဒီးယားစီးပွားရေးကို ထောက်ကန်ပေးထားသည့် အဓိကမဏ္ဍိုင်ကြီး ၄ ခုအနက် တစ်ခုဖြစ်သောကြောင့် ယခုကျဆင်းမှုမှာ နိုင်ငံစီးပွားရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း သိရသည်။

news-view-count-icon

19