တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ဖိတ်ကြားချက်အရ ဇွန်လ ၈ ရက်မှ ၉ ရက်နေ့အထိ မြောက်ကိုရီးယားနိုင်ငံသို့ (၇) နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၆၅ နှစ်မြောက်နှင့် ကိုရီးယားအလုပ်သမားပါတီ (WPK) တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ကာလများနှင့် တိုက်ဆိုင်နေပြီး၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၁၈ ခုနှစ်မှစ၍ ခြောက်ကြိမ်တိုင်တိုင် တွေ့ဆုံကာ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ခဲ့ကြသည်။ တရုတ်အစိုးရအနေဖြင့် နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို ခိုင်မာအားကောင်းစေရန် မမှိတ်မသုန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အနာဂတ်စီမံချက်သစ်များ ရေးဆွဲနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန် မြောက်ကိုရီးယားနိုင်ငံသို့ (၇) နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ် သွားရောက်မည်
Jun 08 • 1:41 AM
China
Local News
Share
| 19 | 0 | 0 | 0 |


