back

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အဆိပ်ရှိမှို စားမိသဖြင့် ပအိုဝ်းရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံး

Jun 07 • 8:07 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အဆိပ်ရှိမှို စားမိသဖြင့် ပအိုဝ်းရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် တောင်ကြီးမြို့နယ်၊ ရေသပြေကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ပအိုဝ်းရွှေ့ပြောင်းလုပ်သား ခွန်မောင်ဖြူသည် တောထဲမှ ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် တောင်ကြီးမြို့နယ်၊ ရေသပြေကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ပအိုဝ်းရွှေ့ပြောင်းလုပ်သား ခွန်မောင်ဖြူသည် တောထဲမှ ခူးယူလာသော အဆိပ်ရှိမှိုကို စားသုံးမိပြီးနောက် အော့အန်ခြင်းနှင့် မူးဝေခြင်းများ ဖြစ်ပွားကာ ဇွန်လ ၅ ရက်နေ့တွင် ဆေးရုံ၌ အသက်မကယ်နိုင်ဘဲ သေဆုံးခဲ့သည်။ လတ်တလော မိုးရာသီကာလတွင် တောမှိုများ ပေါများနေပြီး စားရသည့်မှိုနှင့် အဆိပ်မှိုမှာ ပုံစံချင်း ဆင်တူသဖြင့် သေချာမသိပါက မစားသုံးရန် မြန်မာလုပ်သားများအချင်းချင်း သတိပေးလျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း မယ်ဟောင်ဆောင်မြို့နယ်တွင် ဒေသခံ ၂ ဦး မှိုအဆိပ်သင့် သေဆုံးခဲ့ဖူးပြီး ယခုကဲ့သို့ ဖြစ်စဉ်များ ဆက်တိုက်ရှိနေ၍ အမျိုးအစားမသေချာသော တောမှိုများကို မစားသုံးကြရန် ထိုင်းကျန်းမာရေးနှင့် လူမှုကူညီရေးအဖွဲ့များက အထူးသတိပေးထားသည်။

news-view-count-icon

18