အသင်းတာဝန်ရှိသူများ အမေရိကန်ဗီဇာ ငြင်းဆန်ခံရမှုအပေါ် ရန်လိုသည့်အပြုအမူဟု အီရန်ဘောလုံးအဖွဲ့ချုပ် စွပ်စွဲ

Jun 07 • 7:59 AM

breaking-news

Myanmar

International

cover

အသင်းတာဝန်ရှိသူများ အမေရိကန်ဗီဇာ ငြင်းဆန်ခံရမှုအပေါ် ရန်လိုသည့်အပြုအမူဟု အီရန်ဘောလုံးအဖွဲ့ချုပ် စွပ်စွဲ

အီရန်ဘောလုံးအဖွဲ့ချုပ်သည် ၎င်းတို့၏ အသင်းတာဝန်ရှိသူအမြောက်အမြား အမေရိကန်ဗီဇာ ငြင်းဆန်ခံရသည့်အပေါ် အားကစားတွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်သည့် "ရန်လိုသောအပြုအမူ...

အီရန်ဘောလုံးအဖွဲ့ချုပ်သည် ၎င်းတို့၏ အသင်းတာဝန်ရှိသူအမြောက်အမြား အမေရိကန်ဗီဇာ ငြင်းဆန်ခံရသည့်အပေါ် အားကစားတွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်သည့် "ရန်လိုသောအပြုအမူ" ဟု ပြစ်တင်စွပ်စွဲလိုက်သည်။ အမေရိကန်အစိုးရဘက်က အီရန်ကစားသမားအားလုံးနှင့် လိုအပ်သောအသင်းဝန်ထမ်းများကို ဗီဇာထုတ်ပေးခဲ့သော်လည်း အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် မီဒီယာဒါရိုက်တာ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးကိုမူ ဗီဇာပယ်ချခဲ့သည်။ အမေရိကန်ဘက်ကမူ ဗီဇာထုတ်ပေးရေးစနစ်ကို အလွဲသုံးစားလုပ်၍ အကြမ်းဖက်သမားများ အမေရိကန်နိုင်ငံအတွင်း ခိုးဝင်လာမည့်အရေးကို ခွင့်ပြုမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ လက်ရှိတွင် အီရန်အသင်းသည် စခန်းချလေ့ကျင့်မည့် မက္ကဆီကိုနိုင်ငံသို့ စနေနေ့က ထွက်ခွာသွားခဲ့ပြီး၊ မက္ကဆီကိုဆိုင်ရာ အီရန်သံအမတ်ကြီး၏ ပြောကြားချက်အရ အီရန်အသင်းသည် အမေရိကန်နိုင်ငံအတွင်းသို့ ၂၄ နာရီအတွင်းသာ အဝင်အထွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13