back

ထိုင်းနိုင်ငံ ဘန်ဘိုင်မြို့နယ်တွင် လုံခြုံရေးဝန်ထမ်းကို ကြိုးတုပ်၍ ဘတ် ၆ သိန်းဖိုးခန့် လျှပ်စစ်ကြိုးများ ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ဖမ်းဆီးရမိ

Jun 07 • 7:56 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ဘန်ဘိုင်မြို့နယ်တွင် လုံခြုံရေးဝန်ထမ်းကို ကြိုးတုပ်၍ ဘတ် ၆ သိန်းဖိုးခန့် လျှပ်စစ်ကြိုးများ ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်၊ ဘန်ဘိုင် (Ban Bueng) မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး လုံခြုံရေးဝန်ထမ...

ထိုင်းနိုင်ငံ၊ ချုံဘူရီခရိုင်၊ ဘန်ဘိုင် (Ban Bueng) မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး လုံခြုံရေးဝန်ထမ်းအား ရိုက်နှက်ကြိုးတုပ်ကာ တန်ဖိုးအားဖြင့် ဘတ် ၆ သိန်းခန့်ရှိ လျှပ်စစ်ကြိုးများကို ပစ်ကပ်ကား ၂ စီးဖြင့် ခိုးယူမောင်းနှင်သွားခဲ့သည့် မြန်မာဓားပြဂိုဏ်းမှ အဖွဲ့ဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများကို ခြေရာခံ၍ ဇွန်လ ၆ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူများဖြစ်သည့် ရဲထွေး (၃၄ နှစ်)၊ စိုင်းထက်အောင် (၂၇ နှစ်)၊ ဝေယံ (၁၈ နှစ်) နှင့် ရဲကိုလင်း (၃၄ နှစ်) တို့ကို ပစ်ကပ်ကားများနှင့်အတူ နေရာအသီးသီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများက ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပြီး ခိုးရာပါပစ္စည်းများကို ဆီရာချာ (Si Racha) မြို့နယ်ရှိ တစ်ပတ်ရစ်ဆိုင်တွင် ရောင်းချခဲ့ကြောင်း သိရသည်။ လက်ရှိတွင် "မောင်" ဟု အမည်ရသည့် ဂိုဏ်းခေါင်းဆောင်အပါအဝင် လွတ်မြောက်နေသည့် အဖွဲ့ဝင် ၁၀ ဦးခန့်ကို ရဲတပ်ဖွဲ့က အပူတပြင်း ဆက်လက်ရှာဖွေနေပြီး အဆိုပါအဖွဲ့သည် အခြားမြို့နယ် ၃ ခုတွင်လည်း အလားတူပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း ယူဆရသည်။ ယခုကဲ့သို့ လူတစ်စု၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ထိုင်းနိုင်ငံရောက် ရိုးသားစွာလုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ ပုံရိပ် ထိခိုက်ရသဖြင့် တရားမဝင်မှုများနှင့် မသမာသည့်အလုပ်များကို ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

22