ယမန်နှစ် ဇွန် ၂၅ ရက်က ဘန်ကောက် ကလောင်တန်ရဲစခန်းမှ ရဲအရာရှိများသည် ကွန်ဒိုခန်းတစ်ခုကို မူးယစ်ဆေးသံသယဖြင့် ဝင်ရောက်စီးနင်းစဉ် အခန်းတွင်းရှိ ငွေသား၊ ရွှေ၊ လက်ဝတ်ရတနာများနှင့် နာရီများကို ကိုယ်ကျိုးအတွက် ယူဆောင်သွားပြီး မှုခင်းဖြစ်စဉ်အတိုင်း အထက်သို့ တင်ပြခြင်းမရှိဟု အသက် ၂၇ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးက စွပ်စွဲတိုင်ကြားခဲ့သည့်အမှုကို ဘန်ကောက် အမှတ် (၅) နယ်မြေရဲစခန်းက တစ်နှစ်နီးပါးအကြာ ဇွန် ၅ ရက်မှစ၍ စတင်စုံစမ်းကြားနာခဲ့သည်။ အိမ်ရှင်အမျိုးသမီးသည် ၎င်း၏ပစ္စည်းများ ပြန်တောင်းစဉ် ရဲများ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသဖြင့် အစိုးရအေဂျင်စီများသို့ တင်ပြခဲ့ပြီးနောက် ရှေ့နေငှားရမ်းကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘန်ကောက်ရဲများ ကွန်ဒိုစီးနင်းစဉ် ပစ္စည်းများခိုးယူခဲ့မှု အိမ်ရှင်အမျိုးသမီးတိုင်ကြားချက်ကို တစ်နှစ်နီးပါးကြာမှ စတင်စုံစမ်း
Jun 07 • 7:53 AM
Thailand
Local News
Share
| 20 | 0 | 0 | 0 |


