back

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

Jun 07 • 7:33 AM

breaking-news

South Korea

Local News

cover

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎...

သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏ တစ်ခုတည်းသော တရားဝင် စာချုပ်မဟာမိတ်ဖြစ်သည့် ပြုံယမ်းနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ခုနစ်နှစ်နီးပါးအတွင်း ရှီ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ စလုံးက စိုးရိမ် သောကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ “နှစ်ဖက်စလုံးက ဒီခရီးစဉ်ကို ခေတ်ကာလနဲ့ လျော်ညီစွာ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးပြုကြပါမယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

 

news-view-count-icon

17