စင်ကာပူနိုင်ငံသား အသက် ၂၀ အရွယ်လူငယ် Rykes Tan Zhi Kai သည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လက Changi လေဆိပ်တွင် Scoot လေယာဉ်တစ်စင်းနှင့်အတူ ရိုက်ထားသည့် ၎င်း၏ပုံကို "ဒီလေယာဉ်ကို ဗုံးခွဲတော့မယ်" ဟု အင်စတာဂရမ် (Instagram Story) ပေါ်တွင် နောက်ပြောင်ရေးသားခဲ့မှုကြောင့် ဇွန်လ ၄ ရက်နေ့ တရားရုံးစစ်ဆေးမှုတွင် အန္တရာယ်ရှိသော သတင်းအမှား ဖြန့်ဝေမှုဖြင့် ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့သည်။ အဆိုပါနောက်ပြောင်မှုကြောင့် လုံခြုံရေးအာဏာပိုင်များက စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရသဖြင့် တီယန်ကျင်း၊ ချင်းတောင်နှင့် အေသင်မြို့များသို့ ပျံသန်းမည့် Scoot လေယာဉ်ခရီးစဉ်သုံးခုမှာ တစ်နာရီကျော်စီ နောက်ကျခဲ့ရပြီး လေကြောင်းလိုင်းအတွက် စင်ကာပူဒေါ်လာ ၁,၉၄၆ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့ရာ တရားခံလူငယ်က ယင်းဆုံးရှုံးမှုများကို အပြည့်အဝ ပြန်လည်ပေးလျော်ခဲ့ကြောင်း သိရသည်။
စင်ကာပူ၌ အင်စတာဂရမ်ပေါ်တွင် ဗုံးဖောက်ခွဲမည်ဟု သတင်းအမှားတင်ကာ လေယာဉ်ခရီးစဉ်သုံးခုကို နှောင့်နှေးစေခဲ့သည့် စင်ကာပူလူငယ် အဖမ်းခံရ
Jun 07 • 3:13 AM
Singapore
Local News
Share
| 13 | 0 | 0 | 0 |


