back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဟွေ့ကွမ် (Huai Khwang) ရှိ တရုတ်လုပ်ငန်း (၅၃) ခုကို Nominee စနစ်ဖြင့် လုပ်ကိုင်နေသည်ဟု သံသယဖြင့် အရှိန်မြှင့်စစ်ဆေးနေ

Jun 07 • 2:15 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဟွေ့ကွမ် (Huai Khwang) ရှိ တရုတ်လုပ်ငန်း (၅၃) ခုကို Nominee စနစ်ဖြင့် လုပ်ကိုင်နေသည်ဟု သံသယဖြင့် အရှိန်မြှင့်စစ်ဆေးနေ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ဟွေ့ကွမ်အရပ်ရှိ တရုတ်စတိုးဆိုင်များနှင့် ဟော့ပေါ့ဆိုင်များတွင် ထိုင်းနိုင်ငံသားအမည်ခံကာ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းအက်ဥပဒေကို ...

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ဟွေ့ကွမ်အရပ်ရှိ တရုတ်စတိုးဆိုင်များနှင့် ဟော့ပေါ့ဆိုင်များတွင် ထိုင်းနိုင်ငံသားအမည်ခံကာ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းအက်ဥပဒေကို ချိုးဖောက်နေသည်ဟု သံသယရှိရသော၊ တန်ဖိုးဘတ် (၁) သန်းမှ (၄.၉) ဘီလီယံအထိရှိသည့် ကုမ္ပဏီ (၅၃) ခုကို ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) က စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါကုမ္ပဏီများ၏ ဘဏ္ဍာရေးအချက်အလက်များကို တရားမဝင်ငွေကြေးစီးဆင်းမှု စစ်ဆေးနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO)၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားပြီး ရှယ်ယာရှင်အချို့မှာလည်း စောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်နေသည်။ ထို့ပြင် ထိုင်းဘတ်ငွေကိုငြင်းဆန်ပြီး တရုတ်ယွမ်ငွေဖြင့်သာ ပေးချေခိုင်းသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် တရုတ်ရှယ်ယာပါဝင်သော ခေါက်ဆွဲဆိုင်မှာ ဆင့်ခေါ်မှုကို လာရောက်ရှင်းလင်းခြင်းမရှိသဖြင့် ရှယ်ယာရှင်များကို တရားစွဲဆိုရန် ပြင်ဆင်နေပြီး၊ ဒေသတွင်းရှိ တရုတ်ရှယ်ယာပါဝင်သော လုပ်ငန်း (၇၉) ခုကိုလည်း ဆိုင်တိုင်း၌ "ထိုင်းဘတ်ငွေကို မပျက်မကွက်လက်ခံပါသည်" ဟူသော စတေကာများ ကပ်ထားရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

news-view-count-icon

14