back

တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေ

Jun 07 • 1:38 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေ

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့သည...

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့သည် ဇွန်လ ၅ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြပြီး၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းခြင်းအား အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်ကာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ ဥပဒေပြုရေးအဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသင့်ရှိကြောင်း လီဟုန်ကျုံးက ပြောကြားခဲ့သည်။ အလားတူ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ရှေ့ဆက်ဖော်ဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အဓိက အစီအမံလေးရပ်ကို ပူးတွဲအကောင်အထည်ဖော်ရန်နှင့် ဥပဒေပြုအဖွဲ့အစည်းများအကြား ကူးလူးဖလှယ်မှု မြှင့်တင်ရေး အပါအဝင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်။

news-view-count-icon

9