ဇွန်လ ၆ ရက် (ယနေ့) နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ရန်ကုန်မြို့၊ လှိုင်မြို့နယ် (ရပ်ကွက် ၇၊ ၁၂၊ ၁၃) နှင့် မရမ်းကုန်းမြို့နယ် (၇ မိုင်ဝန်းကျင်) တို့တွင် သာမန်ငလျင်လှုပ်ခတ်မှုမျိုး မဟုတ်ဘဲ အပေါ်မှ အရာဝတ္ထုအလေးကြီး ပြုတ်ကျသကဲ့သို့ "ဒုန်း" ကနဲ အသံအကျယ်ကြီးမြည်ကာ မြေကြီးအောက်သို့ နိမ့်ဆင်းကျွံဝင်သွားသည့်သဏ္ဍာန် ပြင်းထန်သော တုန်ခါမှုတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မီဒီယာသတင်းအရ သိရသည်။ အဆိုပါဖြစ်စဉ်မှာ Earthquake App များတွင် ငလျင်လှုပ်ခတ်မှုအဖြစ် တရားဝင်ဖော်ပြထားခြင်းမရှိဘဲ ယမန်နေ့က ရန်ကုန်၌ မိုးစံချိန်တင်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် ကပ်လျက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့သည် လှိုင်မြစ်ကမ်းဘေးရှိ နုန်းမြေအနည်ကျမြေအမျိုးအစား ဖြစ်သဖြင့် မြေသားဖွဲ့စည်းပုံညံ့ဖျင်းတတ်သည့်အပြင်၊ အထပ်မြင့်တိုက်များ အလွန်အကျွံဆောက်လုပ်လာခြင်းနှင့် အဝီစိတွင်းများဖြင့် မြေအောက်ရေကို အဆမတန် စုပ်ယူသုံးစွဲခြင်းတို့ကြောင့် မြေအောက်ရေကြောများ ခမ်းခြောက်ကာ လေဟာနယ်လိုဏ်ခေါင်းများ ဖြစ်ပေါ်နေစဉ် မိုးသည်းထန်စွာရွာသွန်း၍ ရေများစိမ့်ဝင်ရာမှ မြေသားပြိုကျမှု (Land Subsidence သို့မဟုတ် Sinkhole) ဖြစ်နိုင်ချေရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်အဆောက်အအုံများနှင့် ခြံဝင်းအတွင်း ပုံမှန်မဟုတ်သော အက်ကွဲကြောင်းများနှင့် မြေသားနိမ့်ဆင်းမှုများကို သတိပြုစစ်ဆေးရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် လိုအပ်သကဲ့သို့၊ သက်ဆိုင်ရာအနေဖြင့်လည်း ဘူမိဗေဒပညာရှင်များနှင့်အတူ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများ အချိန်မီပြုလုပ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မြေကျွံဝင်သည့်သဏ္ဍာန် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒေသခံများအကြား မြေကျွံခြင်းဖြစ်နိုင်၍ စိုးရိမ်မှုမြင့်တက်နေ
Jun 06 • 10:27 AM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


