back

တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားဖြင့် တရုတ်ဘီယာဖာ ၄ ထောင်နီးပါး တရားမဝင်တင်ဆောင်လာသည့် တရုတ်နိုင်ငံသားတစ်ဦး လားရှိုးမြို့အဝင်တွင် ဖမ်းဆီးခံရ

Jun 06 • 10:12 AM

breaking-news

China

Local News

cover

တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားဖြင့် တရုတ်ဘီယာဖာ ၄ ထောင်နီးပါး တရားမဝင်တင်ဆောင်လာသည့် တရုတ်နိုင်ငံသားတစ်ဦး လားရှိုးမြို့အဝင်တွင် ဖမ်းဆီးခံရ

တရုတ်နံပါတ်ပြားတပ်ဆင်ထားသည့် ၁၂ ဘီးကုန်တင်ကားဖြင့် တစ်ဖာလျှင် ၂၄ လုံးပါ တရုတ်နိုင်ငံထုတ် "Dan Niya" တံဆိပ် ဘီယာဖာပေါင်း ၃,၈၅၀ တင်ဆောင်ကာ လားရှိုးမြို့အတွင်းသို့...

တရုတ်နံပါတ်ပြားတပ်ဆင်ထားသည့် ၁၂ ဘီးကုန်တင်ကားဖြင့် တစ်ဖာလျှင် ၂၄ လုံးပါ တရုတ်နိုင်ငံထုတ် "Dan Niya" တံဆိပ် ဘီယာဖာပေါင်း ၃,၈၅၀ တင်ဆောင်ကာ လားရှိုးမြို့အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ယာဉ်မောင်းတစ်ဦးကို စုပေါင်းစစ်ဆေးရေးဂိတ်က ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း မဲခေါင်သတင်းအရ သိရသည်။ ၎င်းတရုတ်နိုင်ငံသားသည် တရုတ်နိုင်ငံသားကတ်နှင့် လိုင်စင်ကိုင်ဆောင်ထားပြီး "၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည့် ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ လမ်းပိုင်းအတိုင်း မောင်းနှင်လာကာ ကိုးကန့်တပ်ထိန်းချုပ်ရာ မယ်ဟန်ကျေးရွာသို့ ကုန်ပစ္စည်းပို့ရန် သွားရောက်စဉ် လားရှိုးမြို့ရှောင်လမ်းဆုံမှ လမ်းမှား၍ ရဲနှင့် လဝကတို့ ပူးပေါင်းထိုင်သည့် မြို့အဝင်ဂိတ်တည့်တည့်သို့ ရောက်ရှိသွားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

2