back

၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန် ၁.၃ သန်းကျော် ပြည်ပတင်ပို့ရန် မျှော်မှန်း

Jun 05 • 10:53 AM

breaking-news

Myanmar

International

cover

၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန် ၁.၃ သန်းကျော် ပြည်ပတင်ပို့ရန် မျှော်မှန်း

၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။လက်...

၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အစောပိုင်းကာလအတွင်း ပြောင်းတန်ချိန် ၁ သိန်းခန့်ကို တင်ပို့ပြီးစီးထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။ထိုင်းနိုင်ငံတွင် ယခုအချိန်၌ ပြောင်းတစ်ကီလိုလျှင် ၁၁.၇ ဘတ်အထိ ဈေးကောင်းရရှိနေသော်လည်း ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် ၁ သန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသဖြင့် လာမည့်ကာလတွင် ထိုင်းဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။

news-view-count-icon

17