ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ကုန်းဘောင်လမ်းမပေါ်ရှိ ABC Mobile ဖုန်းဆိုင်မှာ မေ ၂၄ ရက် နံနက်အစောပိုင်းက ဖောက်ထွင်းခိုးယူခံရပြီး iPhone အမျိုးအစား ဖုန်း ၂၁ လုံး ပါသွားကြောင်း ဆိုင်ရှင်ထံမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၂၄ ရက် ညပိုင်းတွင် မိသားစုဝင်များ အိပ်စက်ပြီးနောက် နံနက် ၅ နာရီဝန်းကျင်အတွင်း ဖောက်ထွင်းခံရခြင်းဖြစ်ပြီး၊ နံနက် ဆိုင်ဖွင့်ရန် ပြင်ဆင်စဉ် ကောင်တာများ ဖွင့်ထားသည်ကို တွေ့ရှိရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ခိုးယူခံရသည့် ဖုန်းများတွင် iPhone 17 Pro Max ပါကင်ပိတ်များအပါအဝင် iPhone 12 Pro Max အထိ စုစုပေါင်း ၂၁ လုံး ပါဝင်ကြောင်း သိရသည်။ ဖုန်းဘူးများကိုပါ ယူဆောင်သွားခဲ့ကြောင်း ဆိုင်ရှင်က ပြောသည်။ ထို့နောက် အိမ်အတွင်းနှင့် အောက်ထပ်များတွင် ဖောက်ထွင်းထားသည့် အမှတ်အသားများ လိုက်လံစစ်ဆေးရာ မတွေ့ရှိဘဲ၊ အပေါ်ဆုံး သုံးထပ်တိုက် ဝရံတာရှိ သံပန်းတံခါးကို အပြင်ဘက်မှ မူလီများဖြုတ်ကာ ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။ 
တောင်ဥက္ကလာပရှိ ABC Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး iPhone ၂၁ လုံး ပါသွား
Jun 05 • 10:34 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


