အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများ ကြိုတင်ပြင်ဆင်ကြရန် ကုလသမဂ္ဂ သတိပေး

Jun 05 • 10:14 AM

breaking-news

Myanmar

International

cover

အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများ ကြိုတင်ပြင်ဆင်ကြရန် ကုလသမဂ္ဂ သတိပေး

ကမ္ဘာတစ်ဝန်း အပူချိန်အလွန်အမင်းမြင့်မားလာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာနိုင်သည့် အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှု...

ကမ္ဘာတစ်ဝန်း အပူချိန်အလွန်အမင်းမြင့်မားလာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာနိုင်သည့် အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က အသိပေး ထုတ်ပြန်ထားသည်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုအခြေအနေကို အရေးပေါ်ရာသီဥတုသတိပေးချက်အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံများအနေဖြင့် အထူးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် သတိပေးထားသည်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က “ လက်ရှိဖြစ်ပေါ်နေသည့် အယ်နီညိုအခြေအနေများသည် ပူနွေးနေသော ကမ္ဘာမြေကြီး၏မီးပုံထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်လာနိုင်ပြီး၊ ၎င်း၏ရာသီဥတုရိုက်ခတ်မှုများသည် ပိုမိုပြင်းထန်ကာ နယ်စပ်များကို ဖြတ်ကျော်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း “ လည်း သတိပေးပြောကြားထားသည်။

news-view-count-icon

8