back

ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့က ခရီးသည်များအတွက် ပါဝါဘန့်သယ်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းအသစ်များ ထုတ်ပြန်

Jun 05 • 1:56 AM

breaking-news

Thailand

Local News

cover

ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့က ခရီးသည်များအတွက် ပါဝါဘန့်သယ်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းအသစ်များ ထုတ်ပြန်

ထိုင်းနိုင်ငံ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) သည် နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (ICAO) ၏ စံနှုန်းများနှင့်အညီ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လ...

ထိုင်းနိုင်ငံ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) သည် နိုင်ငံတကာလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (ICAO) ၏ စံနှုန်းများနှင့်အညီ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လစ်သီယမ်ဘက်ထရီနှင့် ပါဝါဘန့် (Power Bank) များ လေယာဉ်ပေါ်သယ်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းအသစ်များကို ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက် တွင် ထုတ်ပြန်ခဲ့ပါသည်။ စည်းမျဉ်းအသစ်အရ ပါဝါဘန့်များကို လက်ဆွဲအိတ် (Carry-on) အဖြစ်သာ သယ်ဆောင်ခွင့်ပြုပြီး ခရီးဆောင်အိတ် (Checked baggage) များအတွင်း ထည့်သွင်းခြင်း လုံးဝမပြုရဘဲ၊ ပါဝါဘန့်ပမာဏမှာ 20,000 mAh (100 Wh) ထက်မကျော်ရသည့်အပြင် အမှတ်အသားမပါသော ပါဝါဘန့်များကို သယ်ဆောင်ခွင့်ပြုမည်မဟုတ်ပေ။ တကယ်လို့ 100 Wh မှ 160 Wh အတွင်းရှိပါက လေကြောင်းလိုင်း၏ ခွင့်ပြုချက် ကြိုတင်ရယူရမည်ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် အများဆုံး ၂ လုံးသာ သယ်ဆောင်ခွင့်ရှိသည်။ထို့ပြင် လေယာဉ်စီးနင်းစဉ်အတွင်း ပါဝါဘန့်ဖြင့် ဖုန်းအားသွင်းခြင်း သို့မဟုတ် ပါဝါဘန့်ကို အားပြန်သွင်းခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး၊ ပါဝါဘန့်များကို အပေါ်တင်အိတ်ခန်း (Overhead compartment) အတွင်း သိမ်းဆည်းခြင်းမပြုဘဲ ထူးခြားမှုရှိက ချက်ချင်းသိနိုင်ရန် ရှေ့ထိုင်ခုံအိတ် သို့မဟုတ် ကိုယ်နှင့်မကွာရှိမည့်နေရာတွင်သာ ထားရှိရမည်ဖြစ်သည်။ ဝါယာရှော့ခ်မဖြစ်စေရန်အတွက်လည်း မူလဘူးခွံ သို့မဟုတ် အကာအကွယ်အိတ်ဖြင့် သီးသန့်ထည့်သွင်းသယ်ဆောင်ကြရန် ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

news-view-count-icon

21