back

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ပြောကြား

Jun 05 • 1:38 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ပြောကြား

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ စနစ်အပေါ်တွင် အလွန်ကြီးမားသည့် ဩဇာအာဏာကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubi...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ စနစ်အပေါ်တွင် အလွန်ကြီးမားသည့် ဩဇာအာဏာကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ဇွန်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် လွှတ်တော်ကြားနာပွဲများတွင် ပြောကြားခဲ့သည်။ ၎င်းသည် အထက်လွှတ်တော် ဘတ်ဂျက်ခွဲဝေရေးကော်မတီနှင့် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီတို့၏ သီးခြားကြားနာစစ်ဆေးမှုများ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန် ကြိုးပမ်းရာတွင် အမေရိကန်အစိုးရအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဝန်ခံပြောကြားခဲ့သည်။ထို့ပြင် အရေးကြီးသည့် တွင်းထွက်ပစ္စည်းများ၊ ဆေးဝါးလုပ်ငန်း၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ သင်္ဘောတည်ဆောက်ရေးနှင့် မဟာဗျူဟာမြောက် ထောက်ပံ့ရေးကွင်းဆက် (Supply Chains) များတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ပိုမိုကြီးထွားလာနေခြင်းအပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် ၎င်းအချက်များသည် အမေရိကန်၏ သံတမန်ရေးရာဆောင်ရွက်မှုများတွင် အဓိကအချက် ဖြစ်လာကြောင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ မာကိုရူဘီယိုက တရုတ်ကွန်မြူနစ်ပါတီ၏ နယ်စပ်ဖြတ်ကျော် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း ၎င်း၏ စိုးရိမ်မကင်းဖြစ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

news-view-count-icon

17