ဂျပန်နိုင်ငံတွင် အူနာဂီ (Unagi) ငါးရှဉ့်ကို ဥဘဝမှစ၍ အရွယ်ရောက်သည့်အထိ နှစ်ပေါင်းများစွာ လေ့ကျင့်မွေးမြူကာ စီးပွားဖြစ် မွေးမြူရေးငါးရှဉ့်စစ်စစ်အဖြစ် ပထမဆုံး အောင်မြင်စွာ မွေးမြူထုတ်လုပ်နိုင်ခဲ့ကြောင်း NHK သတင်း၌ ဖော်ပြချက်အရ သိရသည်။ သဘာဝအတိုင်း ဖမ်းဆီးရရှိမှု လျော့နည်းလာချိန်တွင် ထွက်ပေါ်လာသည့် ယခုမွေးမြူရေးနည်းပညာ အောင်မြင်မှုသစ်ကြောင့် အနာဂတ်တွင် အူနာဂီငါးရှဉ့်ကို ပိုမိုစားသုံးနိုင်တော့မည့် မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။အဆိုပါ မွေးမြူရေးငါးရှဉ့်များကို ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က စတင်၍ စမ်းသပ်ကာလအဖြစ် ကမ္ဘာ့ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချခဲ့ပြီး ဈေးနှုန်းမှာ တစ်ကောင်လျှင် ယန်း ၅,၀၀၀ (ဒေါ်လာ ၃၀ ခန့်) ဖြင့် အတော်လေး ဈေးကြီးနေသေးသော်လည်း အနာဂတ်တွင် ဈေးနှုန်းပြန်လည်ကျဆင်းလာမည်ဟု မျှော်လင့်ထားကြသည်။ ရောင်းချခြင်းမပြုမီ တစ်ရက်အလိုကလည်း Aeon စူပါမားကက်ကြီးနှင့် ဂျပန်အနောက်ပိုင်း ငါးလုပ်ငန်းကုမ္ပဏီတစ်ခုတို့ ပူးပေါင်းကာ တိုကျိုမြို့၌ အထူးပွဲတစ်ခုကျင်းပ၍ မီဒီယာများကို ငါးရှဉ့်အရသာ မြည်းစမ်းခွင့် ပေးခဲ့ကြောင်း သိရသည်။
Jun 04 • 4:12 AM
Japan
Local News
Share
| 17 | 0 | 0 | 0 |


