back

ရှမ်းပြည်နယ်၊တောင်ကြီး၌ ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ပထမဆုရရှိသည့် မအိမ့်ချစ်သူနှင့် ဂုဏ်ထူးဆောင် ၄၃ ဦးအား ကြိုဆိုဂုဏ်ပြုမည

Jun 04 • 2:05 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တောင်ကြီး၌ ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ပထမဆုရရှိသည့် မအိမ့်ချစ်သူနှင့် ဂုဏ်ထူးဆောင် ၄၃ ဦးအား ကြိုဆိုဂုဏ်ပြုမည

(၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် နိုင်ငံအဆင့် ပထမ (Winner) ဆု ဆွတ်ခူးခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချ...

(၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် နိုင်ငံအဆင့် ပထမ (Winner) ဆု ဆွတ်ခူးခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူနှင့် ဂုဏ်ထူးဆောင်အဖြစ် အောင်မြင်ခဲ့ကြသူ ၄၃ ဦးတို့အား လာမည့် ဇွန်လ ၆ ရက်နေ့တွင် တစ်ခဲနက် ကြိုဆိုဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲကို ဇွန်လ ၆ ရက် (စနေနေ့) နံနက် ၉ နာရီမှစတင်ကာ ကလောမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ ပင့်ဆောင်ကာ ညနေ ၃ နာရီတွင် တောင်ကြီးမြို့တော်ခန်းမ၌ အခမ်းအနား ကျင်းပသွားမည်ဖြစ်သည်။အခမ်းအနားမကျင်းပမီ ပထမဆုရှင်နှင့် ဂုဏ်ထူးဆောင် ၄၃ ဦးတို့အား တောင်ကြီးမြို့ လမ်းမကြီးတစ်လျှောက်တွင် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြမည် ဖြစ်သည်။ ယခုကဲ့သို့ ရှမ်းပြည်နယ်ကိုယ်စားပြု သမီးငယ်တစ်ဦးက နိုင်ငံအဆင့် ပထမဆုရရှိကာ ဂုဏ်ထူးဆောင် ၄၃ ဦးအထိ ပေါ်ထွက်လာခြင်းမှာ ပြည်နယ်၏ သာသနာရေးနှင့် ပညာရေးကဏ္ဍအတွက် အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

news-view-count-icon

55