ထိုင်းအစိုးရသည် ဆင်းရဲနွမ်းပါးသူများ၏ လူမှုဘဝစရိတ် ပိုမိုကောင်းမွန်စေရန် ဆင်းရဲသားကတ်ထုတ်ပေးမည်ဖြစ်ပြီး တစ်လလျှင် ဘတ် ၁,၀၀၀ ခံစားခွင့် ပြုလုပ်ပေးမည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် သတ်မှတ်ဆိုင်များ၌ ကုန်ပစ္စည်းဝယ်ယူရန် တစ်လလျှင် ဘတ် ၃၀၀ (ငွေသားထုတ်မရ)၊ အိမ်သုံးဂက်စ်ဖိုး ၃ လလျှင် ဘတ် ၈၀ လျှော့စျေးနှင့် အများပြည်သူသုံး သွားလာရေးစရိတ် တစ်လလျှင် ၇၅ ဘတ် ထောက်ပံ့မှုတို့ ပါဝင်သည်။ထို့ပြင် အခြေခံမီတာခများအဖြစ် လျှပ်စစ်ခ ၃၁၅ ဘတ်ထက်မပိုသော ပမာဏနှင့် ရေခ ဘတ် ၁၀၀ ထက်မပိုသော ပမာဏကို ကူညီပေးမည့်အပြင်၊ မသန်စွမ်းသူများအတွက်လည်း တစ်လလျှင် ဘတ် ၂၀၀ ထပ်ဆောင်း ထောက်ပံ့မည်ဖြစ်သည်။ အဆိုပါ ငွေကြေးများကို နိုင်ငံသားမှတ်ပုံတင်နှင့် ချိတ်ဆက်ထားသည့် ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 04 • 1:31 AM
Thailand
Local News
Share
| 26 | 0 | 0 | 0 |


