ထိုင်းနိုင်ငံ ဗန်ကောက်၊ ရယောင်း၊ စမွတ်စာခွန်၊ စမွတ်ပကန်နှင့် ချွန်ပူရီမြို့များရှိ စက်ရုံ၊ ကုမ္ပဏီများတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၅၁၀ ဦးမှာ ပြီးခဲ့သည့် မေလအတွင်းက အကြောင်းမဲ့နှင့် ပုံစံမတူသော နည်းလမ်းမျိုးစုံဖြင့် အလုပ်ထုတ်ခံခဲ့ရကြောင်း အလုပ်သမားကူညီရေးအဖွဲ့များထံမှ သိရသည်။ အလုပ်ထုတ်ခံရသည့်အပြင် စာရွက်စာတမ်းများပါ သိမ်းဆည်းခံရသဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ထို့ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများအနေဖြင့် အလုပ်ဝင်ရောက်ရာတွင် တရားဝင်စာချုပ်စာတမ်းများဖြင့်သာ လုပ်ကိုင်ရန်နှင့် ပွဲစားများဖြင့် ချိတ်ဆက်ရာတွင် လိမ်လည်မခံရစေရန် ပွဲစား၏ ပတ်စ်ပို့အမည်နှင့် ဘဏ်အကောင့်အမည် တိုက်ဆိုင်စစ်ဆေးခြင်း၊ ငွေပေးချေမှုဆိုင်ရာ အထောက်အထားများ စနစ်တကျ တောင်းခံသိမ်းဆည်းထားခြင်းတို့ကို ပြုလုပ်ကြရန် WAG အဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
Jun 03 • 10:44 AM
Thailand
Local News
Share
| 18 | 0 | 0 | 0 |


