၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်မည့် စုစုပေါင်း ကစားသမား ၁,၂၄၈ ဦးအနက် အင်္ဂလန်ပရီးမီးယားလိဂ်မှ ကစားသမား ၁၈၃ ဦး (အခြားအင်္ဂလန်လိဂ်များနှင့်ပေါင်းပါက ၂၀၅ ဦး) ပါဝင်ကာ လိဂ်အလိုက် အများဆုံးဖြစ်ကြောင်း ဖီဖာ (FIFA) က ထုတ်ပြန်သည်။ ကလပ်အသင်းများထဲတွင် မန်စီးတီးအသင်းမှ ၁၉ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ဘိုင်ယန်မြူးနစ်မှ ၁၈ ဦး၊ အာဆင်နယ်နှင့် PSG မှ ၁၆ ဦးစီဖြင့် နောက်ကလိုက်နေသည်။ ယခုပြိုင်ပွဲတွင် ပါဝင်မည့် ကစားသမားများအနက် ၈၉၁ ဦးမှာ ကမ္ဘာ့ဖလား ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး၊ အသက်အကြီးဆုံး ကစားသမားအဖြစ် စကော့တလန်ဂိုးသမား ခရိတ်ဂေါ်ဒွန် (၄၃ နှစ်) နှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို (၄၁ နှစ်) တို့ ဖြစ်ကြကာ၊ အသက်အငယ်ဆုံး ကစားသမားမှာ မက္ကဆီကိုအသင်းမှ ဂီလ်ဘာတိုမိုရာ (၁၇ နှစ်) ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားတွင် ပရီးမီးယားလိဂ်မှ ကစားသမား ၁၈၃ ဦးဖြင့် အများဆုံး ပါဝင်ပြီး ကလပ်အသင်းများတွင် မန်စီးတီးက ဦးဆောင်
Jun 03 • 10:38 AM
Myanmar
International
Share
| 8 | 0 | 0 | 0 |


