အသရေဖျက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ရင်ဆိုင်နေရတဲ့ "Garosero Institute" အကြီးအကဲ YouTuber Kim Se-ui ဟာ သရုပ်ဆောင် Kim Soo-hyun နဲ့ Kim Sae-ron တို့နဲ့ ပတ်သက်တဲ့ အမှုမှာ ထပ်မံရှုံးနိမ့်သွားပြန်ပါပြီ။Kim Se-ui ဟာ မေလ (၂၆) ရက်နေ့မှာ အဖမ်းခံခဲ့ရပြီး (၅) ရက်အကြာ မေလ (၃၁) ရက်နေ့မှာ အဲဒီတောင်းဆိုချက်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ (၂) ရက်(မနေ့)က Kim Se-ui ဟာ ရဲအရာရှိတွေနဲ့အတူ လက်နှစ်ဖက်ကို နောက်မှာ ကြိုးတုပ်ခံထားရတဲ့ အခြေအနေနဲ့ Seoul Central District Court ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ Seoul Central District Court ရဲ့ 8-1 Criminal Appeal Division ကနေ Kim Se-ui တင်သွင်းထားတဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်တာပါ။ အဲဒီနေ့ နေ့လည် (၂) နာရီ (၁၀) မိနစ်မှာ စတင်ခဲ့တဲ့ တစ်နာရီကြာ စစ်ဆေးမေးမြန်းမှု ပြီးဆုံးသွားတဲ့အချိန်မှာတော့ Kim Se-ui က သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး သူ့ရဲ့ အပြစ်ကင်းစင်ကြောင်း ပြောဆိုခဲ့ပါတယ်။Kim Se-ui က “ကျွန်တော် အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့် တက်ကြွစွာ တုံ့ပြန်ဖို့ အခြေအနေမပေးတော့ပါဘူး။ အချို့အဖွဲ့အစည်းတွေကတော့ ဒါကို စောင့်နေခဲ့သလိုမျိုး ကျွန်တော့်ကိုရော၊ ကွယ်လွန်သူ Kim Sae-ron နဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုပါ မဟုတ်မမှန်တဲ့ သတင်းအချက်အလက်တွေနဲ့ အသရေဖျက်မှုတွေ လုပ်ဆောင်နေကြပါတယ်။Kim Sae-ron မိသားစုဝင်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့အတွက် အမှုကို အခြေခံအချက်အလက်တွေနဲ့ တရားရုံးမှာ တင်ပြထားတာ ရှိပါတယ်။ အခု ကျွန်တော် အဖမ်းခံလိုက်ရတော့ ကျွန်တော်နဲ့ မိသားစုဝင်တွေ ပြောထားသမျှ အားလုံးက လိမ်ညာထားသလိုမျိုး ပုံဖော်ခံနေရပါတယ်။ ကျွန်တော်က အဓိပ္ပာယ်မရှိတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။Kim Se-ui ဟာ YouTube နဲ့ တခြား ပလက်ဖောင်းတွေကတစ်ဆင့် မဟုတ်မမှန်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ သူက Kim Sae-ron ေ--သဆုံးရတဲ့ အကြောင်းရင်းဟာ ကြွေးမြီပြန်ဆပ်ရမှာနဲ့ ပတ်သက်ပြီး Kim Soo-hyun ဘက်က ဖိအားပေးခဲ့လို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် Kim Sae-ron ရဲ့ အသံကို AI နည်းပညာသုံးပြီး တမင်ပုံဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လည်း အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။



