မိုးရာသီကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စိတ်ဝင်စားရာ ဇွဲကပင်တောင်သို့ လာရောက်တောင်တက်ကြသူများ အရှိန်အဟုန်ဖြင့် များပြားလာသော်လည်း တစ်ဖက်တွင် ခရီးသွားအချို့၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ တောင်တက်ခရီးစဉ်အတွင်း ရေသန့်ဘူးခွံများ၊ အချိုရည်ဘူးများ၊ ပလတ်စတစ်အိတ်များနှင့် စားသောက်ပြီးသား စွန့်ပစ်အမှိုက်များကို လမ်းတစ်လျှောက် စနစ်တကျမရှိဘဲ စည်းကမ်းမဲ့စွာ စွန့်ပစ်ထားမှုများပြားနေ၍ ဒေသခံများနှင့် အသိပညာရှိ တောင်တက်သမားအချို့က လိုက်လံကောက်ယူ ရှင်းလင်းနေရသည့် အခြေအနေဖြစ်ပြီး၊ အဆိုပါ စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ရေရှည်ထိခိုက်ပျက်စီးနိုင်သည်ကို သတိပြုကာ လာရောက်လည်ပတ်သူများအနေဖြင့် မိမိတို့၏ အမှိုက်များကို စည်းကမ်းရှိစွာ စွန့်ပစ်ကြရန် ခရီးသွားများနှင့် ဒေသခံများက တောင်းဆိုနှိုးဆော်ထားကြသည်။
မိုးရာသီဇွဲကပင်တောင်တက်ခရီးသည်များပြားလာသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ကြုံတွေ့နေရ
Jun 02 • 12:40 PM
Myanmar
Kayin
Share
| 12 | 0 | 0 | 0 |


