တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။Anhui ပြည်နယ်၏ Fuyang မြို့သည် စက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုနေသည့် မြို့တစ်မြို့ဖြစ်သည်။ Fuyang Zhigu Industrial Park တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာနေသည်ကို မြင်တွေ့ရသည်။ Huashiyadi Silk Museum တွင်လည်း တရုတ်နိုင်ငံ၏ ရိုးရာပိုးထည်လုပ်ငန်းသမိုင်းနှင့် ခေတ်မီစက်မှုထုတ်လုပ်ရေးစနစ်တို့ကို ပေါင်းစပ်ထားပုံကို လေ့လာနိုင်ခဲ့သည်။
Jun 02 • 12:22 PM
China
Local News
Share
| 14 | 0 | 0 | 0 |


