ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘီလူးချောင်းအတွင်း ပြီးခဲ့သည့် မေလတစ်လအတွင်း ရေနစ်သေဆုံးမှုအပြင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ ၅ ဦး (အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး) သေဆုံးခဲ့ကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာန၏ စာရင်းများအရ သိရသည်။ မေလ ၁၀ ရက်နေ့က ဝမ်းကွဲမောင်နှမ ၃ ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပြီး၊ မေလ ၇ ရက်နှင့် ၁၃ ရက်နေ့များတွင်မူ မည်သည့်ဖြစ်စဉ်ကြောင့် သေဆုံးသည်ကို မသိရဘဲ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကိုသာ ဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။ ဘီလူးချောင်းအတွင်း ယခုကဲ့သို့ မကြာခဏ အလောင်းများ တွေ့ရှိရမှုနှင့် ပတ်သက်၍ သေဆုံးပြီးမှ တွေ့ရသည့် အလောင်းအချို့မှာ ရိုးရိုးရေနစ်သေဆုံးခြင်း ဟုတ်၊ မဟုတ် မြို့ခံများအကြား သံသယဖြစ်မှုများ ရှိနေသည်။ ပြီးခဲ့သည့် လများတွင်လည်း ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ဝက်သာကျန်ရှိတော့သည့် ရုပ်အလောင်းတစ်ခုကို ဘီလူးချောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ရွှေညောင်ပင်လူမှုကူညီရေးအသင်းက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ဖူးကြောင်း သိရသည်။
ကယားပြည်နယ်၊လွိုင်ကော်မြို့ ဘီလူးချောင်း၌ မေလတစ်လအတွင်း လူ၅ ဦး ရေနစ်သေဆုံး
Jun 02 • 2:12 AM
Myanmar
Magway
Share
| 6 | 0 | 0 | 0 |


