ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် မိုးရွာပြီး လမ်းချော်ကာ ၆ ဘီးကား တိမ်းမှောက်မှုဖြစ်ပွား

Jun 01 • 1:16 PM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် မိုးရွာပြီး လမ်းချော်ကာ ၆ ဘီးကား တိမ်းမှောက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၈/၁ တွင် မေလ ၃၁ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန...

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၈/၁ တွင် မေလ ၃၁ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ၆ ဘီးကုန်တင်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လတ်တလော စုံစမ်းချက်များအရ လက်ပံတန်းဘက်မှ အုတ်ဖိုဘက်သို့ မောင်းနှင်လာစဉ် မိုးရွာသွန်းပြီးစ လမ်းချော်ရာမှတစ်ဆင့် ကားမှောက်ခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါရှိသူများအနက် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ကျန်အမျိုးသားနှစ်ဦးတွင်လည်း စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ဖြစ်ပွားရာသို့ ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း (အုတ်ဖို) နှင့် သဒ္ဓါဖြူ လူမှုကူညီရေးအသင်း (အေးမြသာယာ) တို့မှ သွားရောက်ကူညီခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို အေးမြသာယာဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

7