ရန်ကုန်၊မြောက်ဥက္ကလာပမြို့နယ်ရှိ အထက (၇) ကျောင်းရှေ့တွင် ကျောင်းဆင်းချိန် မိုးကြိုးပစ်ခံရသဖြင့် ဆရာမနှင့် ကျောင်းသားအချို့ ဒဏ်ရာရ

Jun 01 • 1:07 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၊မြောက်ဥက္ကလာပမြို့နယ်ရှိ အထက (၇) ကျောင်းရှေ့တွင် ကျောင်းဆင်းချိန် မိုးကြိုးပစ်ခံရသဖြင့် ဆရာမနှင့် ကျောင်းသားအချို့ ဒဏ်ရာရ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၁ ရက် ယနေ့နေ့လယ် ကျောင်းဆင်းချိန်၌ ကျောင်းရှေ့ရှိ ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်...

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၁ ရက် ယနေ့နေ့လယ် ကျောင်းဆင်းချိန်၌ ကျောင်းရှေ့ရှိ ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ချခဲ့မှုကြောင့် အပင်အောက်တွင်ရှိနေသည့် ကျောင်းဆရာမတစ်ဦးနှင့် KG အရွယ် ကျောင်းသားနှစ်ဦး မိုးကြိုးစက်ကွင်းထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူသုံးဦးလုံးကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားပြီး၊ ကျောင်းသားနှစ်ဦးမှာ ကျောနှင့် မျက်နှာတွင် ဒဏ်ရာအနည်းငယ်သာရရှိကာ စိုးရိမ်စရာမရှိတော့သော်လည်း မိုးကြိုးစက်ကွင်း ပိုမိုထိမှန်ခဲ့သည့် ဆရာမဖြစ်သူကိုမူ ဆေးရုံတွင် ဆက်လက်စောင့်ကြည့်ကုသပေးနေရကြောင်း အနှိုင်းမဲ့တိမ်ပန်းချီပရဟိတအသင်းနှင့် ဒေသခံများထံမှ သိရသည်။

news-view-count-icon

11