အွန်လိုင်းတွင် "Mermaid Girl" ဟု လူသိများသည့် စင်ကာပူအွန်လိုင်းအဆိုတော် ယူနစ်ဂျွိုင်းအင် (Eunice Joy Ng - အသက် ၂၆ နှစ်) သည် ၎င်း၏ ကိုယ်ပိုင်တယ်လီဂရမ်အကောင့်တွင် တားမြစ်ပိတ်ပင်ထားသော အီးစီးကရက် (Vape) များကို မှာယူနိုင်ကြောင်း ကြော်ငြာပြီး တရားမဝင်ရောင်းချခဲ့မှုကြောင့် မေလ ၂၉ ရက်တွင် စင်ကာပူတရားရုံးက ဒေါ်လာ ၃,၅၀၀ (မြန်မာငွေ သိန်း ၁၀၀ ကျော်ခန့်) ဒဏ်ရိုက်လိုက်သည်။ ၎င်းသည် ပြင်ပဝင်ငွေရရန်အတွက် တယ်လီဂရမ်မှတစ်ဆင့် ဆေးလိပ် ၅ ဘူးကို တစ်ဘူးလျှင် ၁၃ ဒေါ်လာဖြင့် ဝယ်ယူကာ ၁၅ ဒေါ်လာဖြင့် ပြန်လည်ရောင်းချရန် ကြော်ငြာခဲ့ခြင်းဖြစ်ပြီး၊ လူမှုကွန်ရက်ပေါ်တွင် ဆေးလိပ်ရောင်းရန် အဝယ်စာရင်းကောက်ခံသည့်အပြင် ကျန်းမာရေးအာဏာပိုင်များ ၎င်းကို ဖမ်းမမိနိုင်ကြောင်းပါ ရေးသားခဲ့သဖြင့် စုံစမ်းစစ်ဆေးအရေးယူခံရခြင်း ဖြစ်သည်။စင်ကာပူနိုင်ငံတွင် ဆေးလိပ်နှင့် အီးစီးကရက်ဆိုင်ရာ ဥပဒေများကို ပိုမိုတင်းကျပ်ထားပြီး တရားမဝင် Vape ကြော်ငြာရောင်းချပါက အမြင့်ဆုံး ဒေါ်လာ ၁၀,၀၀၀ အထိ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ကြောင်း သိရသည်။
စင်ကာပူ၌ တယ်လီဂရမ်တွင် ဓါတ်ငွေ့သုံးဆေးလိပ် (Vape) ကြော်ငြာရောင်းချခဲ့သည့် အွန်လိုင်းအဆိုတော် စင်ကာပူဒေါ်လာ ၃,၅၀၀ ဒဏ်ရိုက်ခံရ
Jun 01 • 3:28 AM
Singapore
Local News
Share
| 13 | 0 | 0 | 0 |


