back

ထိုင်းအာဏာပိုင်များ၊ဘန်ကောက်ရှိ တရားမဝင် နိုင်ငံတကာကျောင်းကို ဝင်ရောက်စီးနင်းကာ မြန်မာနှင့် ဖိလစ်ပိုင်ဆရာများ ဖမ်းဆီးခံရ

Jun 01 • 2:19 AM

breaking-news

Thailand

Local News

cover

ထိုင်းအာဏာပိုင်များ၊ဘန်ကောက်ရှိ တရားမဝင် နိုင်ငံတကာကျောင်းကို ဝင်ရောက်စီးနင်းကာ မြန်မာနှင့် ဖိလစ်ပိုင်ဆရာများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Soi Pridi Banomyong ရှိ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် တရားမဝင် နိုင်ငံတကာကျောင်းတစ်ကျောင်းကို မေလ ၃၀ ရက်တွင် ထိုင်းအာဏာပိုင်များက ...

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Soi Pridi Banomyong ရှိ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် တရားမဝင် နိုင်ငံတကာကျောင်းတစ်ကျောင်းကို မေလ ၃၀ ရက်တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိဘဲ ဆရာအဖြစ် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူရန် ခလွန်တန် (Khlong Tan) ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ သက်တမ်း ၅ နှစ်ကျော်ရှိပြီဖြစ်သည့် အဆိုပါကျောင်းတွင် မူကြိုမှ အထက်တန်းအဆင့်အထိ နိုင်ငံခြားသားကျောင်းသား ၁၀၀ ကျော် တက်ရောက်ပညာသင်ကြားနေခြင်းဖြစ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ အဆိုအရ ယခုကဲ့သို့ တရားမဝင်ကျောင်းများသည် လမ်းကြားများအတွင်း လျှို့ဝှက်ဖွင့်လှစ်လေ့ရှိရာ ဆက်လက်နှိမ်နင်းသွားမည်ဟု သိရသည်။ ထို့ပြင် စမုတ်စခွန် (Samut Sakhon) တွင်လည်း လိုင်စင်ပယ်ဖျက်ခံထားရသော်လည်း လူငယ်စခန်းအဖြစ် အသွင်ယူကာ ဆက်လက်လည်ပတ်နေသည့် တရားမဝင်ကျောင်းနှစ်ကျောင်းကို မိကာ ရွှေ့ပြောင်းကျောင်းသား ၉၀၀ ကျော်နှင့် တရားဝင်အထောက်အထားမရှိသည့် ဝန်ထမ်း ၂၇ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

21