ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Chaeng Watthana လမ်းပေါ်တွင် ကားလမ်းမျက်နှာပြင် အက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါလမ်းပိုင်းကို ဖြတ်သန်းမည့် ယာဉ်မောင်းများအနေဖြင့် အထူးသတိပြု မောင်းနှင်ကြရန် သက်ဆိုင်ရာအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။မေလ ၃၀ ရက်နေ့က Chaeng Watthana လမ်း၏ မြို့ပြင်ဘက်အထွက် "The Key Chaeng Watthana" ကွန်ဒိုမီနီယံအနီးတွင် လမ်းမျက်နှာပြင် ကွဲအက်နေသည်ကို စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ လမ်းမပေါ်၌ သိသာထင်ရှားသည့် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေကြောင်း တိုင်ကြားချက် ရရှိပြီးနောက်၊ နောက်ထပ် လမ်းကျွံကျမှုများ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးပေါ် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေကြသည်။လတ်တလောတွင် အဆိုပါလမ်းပိုင်းကို ပိတ်ဆို့ထားခြင်း မရှိသေးသော်လည်း၊ လမ်းကျွံကျနိုင်သည့် နောက်ဆက်တွဲအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၎င်းနေရာသို့ ဖြတ်သန်းသွားလာမည့် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့မောင်းနှင်ကြရန်နှင့် သတိဝီရိယရှိရှိ စောင့်ကြည့်မောင်းနှင်ကြရန် အာဏာပိုင်များက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Chaeng Watthana လမ်းတွင် ကားလမ်းမျက်နှာပြင် ကွဲအက်နေသဖြင့် ယာဉ်မောင်းများ သတိပြုမောင်းနှင်ရန် အာဏာပိုင်များ သတိပေး
May 31 • 3:23 AM
Thailand
Local News
Share
| 35 | 0 | 0 | 0 |


