မန္တလေးမြို့တွင် ကျောက်ဝိုင်းဘေးရှိ ဆိုင်ခန်းများ ဖယ်ရှားခံရပြီး ကျောက်ဝိုင်းပြောင်းရွှေ့မည့် သတင်းများ ထွက်ပေါ်နေ

May 31 • 3:21 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးမြို့တွင် ကျောက်ဝိုင်းဘေးရှိ ဆိုင်ခန်းများ ဖယ်ရှားခံရပြီး ကျောက်ဝိုင်းပြောင်းရွှေ့မည့် သတင်းများ ထွက်ပေါ်နေ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးကျောက်ဝိုင်း (မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း) ဘေးကပ်လျက်ရှိ အားကစားဝန်ကြီးဌာနပိုင်မြေပေါ်မှ ကျပ်သိန်း ၃,...

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးကျောက်ဝိုင်း (မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း) ဘေးကပ်လျက်ရှိ အားကစားဝန်ကြီးဌာနပိုင်မြေပေါ်မှ ကျပ်သိန်း ၃,၀၀၀ ကျော်အထိ တန်ကြေးရှိ လူနေတိုက်ခန်းနှင့် ဆိုင်ခန်းပေါင်း ၁၇၂ ခန်းကို အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့် မေလ ၂၈ ရက်မှစ၍ ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။ နှစ်ပေါင်း ၃၀ ကျော် နေထိုင်လာသည့် အဆိုပါဆိုင်ခန်းများ ဖယ်ရှားခံရမှုနှင့်အတူ လက်ရှိကျောက်ဝိုင်းနေရာကိုပါ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရမည့်သတင်းများ ထွက်ပေါ်နေသဖြင့် ကျောက်မျက်ကုန်သည်များ စိုးရိမ်ပူပန်နေကြသည်။အဆိုပါကျောက်ဝိုင်း ပြောင်းရွှေ့ရေးကို ၂၀၂၃ ခုနှစ်က စီစဉ်ခဲ့ဖူးသော်လည်း ထိုစဉ်က ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်မူ ချမ်းအေးသာစံမြို့နယ်ရှိ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့သည့် ရတနာပုံစူပါစင်တာ (Mandalay Yadanar Mall) ကျောက်မျက်ဈေးဆိုင်ခန်းများကို မေလ ၂၈ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

news-view-count-icon

19