တရုတ်နိုင်ငံ တရုတ်အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ (ထျန်းကျင်း) တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်ရှိစက်မှုလုပ်ငန်းပြပွဲကို မေလ ၂၈ ရက်က စတင်ဖွင့်လှစ်ပြသခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ယခုအကြိမ်ပြပွဲကို “ဉာဏ်ရည်ဖြင့် ကမ္ဘာကို လျှောက်လှမ်း、စွမ်းအင်ဖြင့် အနာဂတ်ကို မောင်းနှင်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြပွဲများ၊ ပြိုင်ပွဲများ၊ ချိတ်ဆက်ဆွေးနွေးပွဲများနှင့် လက်တွေ့တွေ့ကြုံခံစားမှု အစီအစဉ်များစွာ ပါဝင်သည်။အဆိုပါပြပွဲသည် ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်ထိုးဖောက်နိုင်ရန်၊ လက်တွေ့အခြေအနေတွင် အသုံးချနိုင်ရန်နှင့် ဉာဏ်ရည်ရှိစက်မှုလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဆင့်မြင့် ကူးလူးဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြပွဲအတွင်း လာရောက်လေ့လာသူများသည် ဉာဏ်ရည်ရှိ စက်ရုပ်ချင်း ယှဉ်ပြိုင်သည့် ရိုဘော့ပြိုင်ပွဲများနှင့် ဇီဝရုပ်တုစက်ရုပ် (Bionic Robot) ဆိုင်ရာ နည်းပညာများကို စိတ်ဝင်တစား လေ့လာခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်ရှိစက်မှုလုပ်ငန်းပြပွဲ (World Intelligence Expo) ကို စတင်ဖွင့်လှစ်
May 31 • 1:58 AM
China
Local News
Share
| 13 | 0 | 0 | 0 |


