တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ပြည်တွင်းနှင့် ပြည်ပရှိ အသေးစားရှယ်ယာရှင်များ အချိန်နှင့် နေရာဒေသ ကန့်သတ်ချက်မရှိဘဲ ကုမ္ပဏီအဆုံးအဖြတ်များတွင် ပါဝင်မဲပေးနိုင်စေရန်အတွက် စုစုပေါင်းပိုင်ဆိုင်မှု ဂျပန်ယန်း/ကိုရီးယားဝမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) နှင့်အထက်ရှိသော ထိပ်သီးကုမ္ပဏီကြီး ၂၁၀ကုမ္ပဏီ ကို လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ အွန်လိုင်းအီလက်ထရွန်နစ်စနစ်သုံး ရှယ်ယာရှင်များအစည်းအဝေး (e-GMS) မဖြစ်မနေ ကျင်းပရမည်ဟု ယနေ့ (မေလ ၂၈ ရက်) တွင် ဥပဒေကြမ်း ထုတ်ပြန်လိုက်သည်။ အဆိုပါ သတ်မှတ်ချက်တွင် KOSPI စတော့စျေးကွက်မှ ကုမ္ပဏီ ၂၀၁ ခုနှင့် KOSDAQ မှ ကုမ္ပဏီ ၉ ခု ပါဝင်ပြီး၊ စနစ်သစ်အရ ရှယ်ယာရှင်များသည် အင်တာနက်မှတစ်ဆင့် သတ်မှတ်ထားသော စိစစ်မှုများပြုလုပ်ကာ အဝေးရောက်တက်ရောက်ခြင်းနှင့် မဲပေးခြင်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အစိုးရအနေဖြင့် စနစ်ကို အဆင်သင့်ဖြစ်စေရန် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကိုရီးယားငွေကြေးသက်သေခံလက်မှတ်များ အပ်နှံရေးဌာန (KSD) နှင့် ပူးပေါင်းကာ အွန်လိုင်းအစည်းအဝေး စမ်းသပ်မှုများ (Mock Meeting) အရင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံရှိ ထိပ်သီးကုမ္ပဏီကြီး ၂၁၀ခု ကို အွန်လိုင်းမှတစ်ဆင့် ရှယ်ယာရှင်များအစည်းအဝေး (e-GMS) မဖြစ်မနေကျင်းပရန် တရားရေးဝန်ကြီးဌာန ညွှန်ကြား
May 29 • 7:35 AM
South Korea
Local News
Share
| 15 | 0 | 0 | 0 |


