back

တောင်ကိုရီးယားနိုင်ငံ၊ဆမ်ဆောင်း (Samsung) ကုမ္ပဏီခွဲ ၃ ခုက ကိုရီးယားအကြီးဆုံး ခရစ်ပတိုအိတ်ချိန်း ကုမ္ပဏီ၏ ရှယ်ယာများကို ဒေါ်လာ ၄၀၈ သန်းဖြင့် ဝယ်ယူ

May 29 • 6:33 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားနိုင်ငံ၊ဆမ်ဆောင်း (Samsung) ကုမ္ပဏီခွဲ ၃ ခုက ကိုရီးယားအကြီးဆုံး ခရစ်ပတိုအိတ်ချိန်း ကုမ္ပဏီ၏ ရှယ်ယာများကို ဒေါ်လာ ၄၀၈ သန်းဖြင့် ဝယ်ယူ

တောင်ကိုရီးယားနိုင်ငံ၊ဆမ်ဆောင်းအုပ်စု၏ လက်အောက်ခံကုမ္ပဏီများဖြစ်သော Samsung Securities၊ Samsung SDS နှင့် Samsung Card တို့သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ...

တောင်ကိုရီးယားနိုင်ငံ၊ဆမ်ဆောင်းအုပ်စု၏ လက်အောက်ခံကုမ္ပဏီများဖြစ်သော Samsung Securities၊ Samsung SDS နှင့် Samsung Card တို့သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ခရစ်ပတိုငွေကြေးလဲလှယ်ရေးစနစ် Upbit ကို အဓိကလုပ်ကိုင်နေသည့် Dunamu ကုမ္ပဏီ၏ ရှယ်ယာ ၄ ရာခိုင်နှုန်း (ရှယ်ယာ ၁.၃၉ သန်း) ကို ကာကာအို (Kakao) ကုမ္ပဏီခွဲတစ်ခုထံမှ ကိုရီးယားဝမ် ၆၁၂.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၀၈ သန်းခန့်) ဖြင့် ပူးပေါင်းဝယ်ယူရန် ယနေ့ (မေလ ၂၈ ရက်) တွင် သဘောတူညီလိုက်သည်။ အဆိုပါ ရှယ်ယာဝယ်ယူမှုတွင် Samsung Securities က ၂ ရာခိုင်နှုန်း၊ Samsung SDS နှင့် Samsung Card တို့က ၁ ရာခိုင်နှုန်းစီ ခွဲဝေပိုင်ဆိုင်မည်ဖြစ်သည်။

ယခုရင်းနှီးမြှုပ်နှံမှုသည် ကိုရီးယားဝမ်အခြေပြု Stablecoins များ၊ တိုကင်ပုံစံပြောင်းလဲထားသည့် အာမခံစာချုပ်များ (Security Tokens) နှင့် ဘလော့ချိန်းအခြေခံ ဘဏ္ဍာရေးဝန်ဆောင်မှုများအပါအဝင် လျင်မြန်စွာ တိုးတက်လာနေသည့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုစျေးကွက်တွင် ဆမ်ဆောင်းကုမ္ပဏီများအနေဖြင့် ရှေ့တန်းမှ ဦးဆောင်ခွင့်ရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။ စီမံကိန်းအရ Samsung Securities သည် တိုကင်အာမခံစာချုပ်များ ထုတ်ဝေဖြန့်ဖြူးခြင်းကို လုပ်ဆောင်မည်ဖြစ်ပြီး၊ Samsung SDS က ၎င်းတို့၏ AI နှင့် Cloud နည်းပညာများကို Dunamu ၏ ဘလော့ချိန်းစနစ်နှင့် ပေါင်းစပ်ကာ ဆော့ဖ်ဝဲလ်ပိုင်းကို မြှင့်တင်မည်ဖြစ်သည်။ ထို့ပြင် Samsung Card အနေဖြင့်လည်း နောင်တွင် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို အသုံးပြု၍ ငွေပေးချေနိုင်မည့် စနစ်တစ်ခု တည်ဆောက်ရန်နှင့် ၎င်းကို ဆမ်ဆောင်း၏ ပေါင်းစပ်ဘဏ္ဍာရေး ပလက်ဖောင်းဖြစ်သော Monimo အက်ပ်တွင် ထည့်သွင်းအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10