အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားအပြီးသတ် ၂၆ ဦးစာရင်း ထွက်ပေါ်လာပြီး မက်ဆီအတွက် (၆) ကြိမ်မြောက် ပြိုင်ပွဲဖြစ်လာ

May 29 • 2:11 AM

breaking-news

Myanmar

International

cover

အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားအပြီးသတ် ၂၆ ဦးစာရင်း ထွက်ပေါ်လာပြီး မက်ဆီအတွက် (၆) ကြိမ်မြောက် ပြိုင်ပွဲဖြစ်လာ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လက်ရှိချန်ပီယံ အာဂျင်တီးနား လက်ရွေးစင်အသင်း၏ အပြီးသတ် ကစားသမား (၂၆) ဦးစာရင်းကို မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဝါ...

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လက်ရှိချန်ပီယံ အာဂျင်တီးနား လက်ရွေးစင်အသင်း၏ အပြီးသတ် ကစားသမား (၂၆) ဦးစာရင်းကို မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဝါရင့်တိုက်စစ်မှူး မက်ဆီက အသင်းကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ နည်းပြ စကာလိုနီသည် ချန်ပီယံဆုကို ကာကွယ်ရန်အတွက် ၂၀၂၂ ကမ္ဘာ့ဖလား ရွှေတံဆိပ်ရ ကစားသမားဟောင်း ၁၇ ဦးအထိ ပြန်လည်ရွေးချယ်ခဲ့ပြီး ကစားသမားသစ် ၉ ဦးကိုသာ ဖြည့်စွက်ထားသည်။

လက်ရှိတွင် မက်ဆီသည် တံကောက်ကြောကြွက်သား နာကျင်သည့် ဒဏ်ရာပြဿနာရှိနေသော်လည်း အာဂျင်တီးနားအသင်းနှင့်အတူ ၎င်း၏ (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲသွားမည် ဖြစ်သည်။ မက်ဆီသည် ၂၀၀၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ ကြိမ်ဆက် ယှဉ်ပြိုင်ခဲ့ရာတွင် ၂၆ ပွဲ ကစားထားသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း၌ ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီး ယခုပြိုင်ပွဲတွင် ၎င်း၏ပွဲအရေအတွက်မှတ်တမ်းကို ထပ်မံတိုးမြှင့်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။ ၎င်းနှင့်အတူ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည်လည်း (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆင်နွှဲရန် ရှိနေပြီး လက်ရှိတွင် ၂၂ ပွဲ ကစားထားသည်။ အာဂျင်တီးနားအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (J) တွင် အယ်လ်ဂျီးရီးယား၊ ဩစတြီးယား၊ ဂျော်ဒန်တို့နှင့် ကျရောက်နေပြီး ပြိုင်ပွဲမစမီ ဟွန်ဒူးရပ်စ်၊ အိုက်စလန်တို့နှင့် ခြေစမ်းပွဲများ ကစားသွားရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

18