ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားနှင့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားတို့၏ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်များကို လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ပြင်ဆင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မေလ ၂၈ ရက်တွင် မော်လမြိုင်ဘူတာကြီးမှ အသိပေးထုတ်ပြန်ထားသည်။ ပြင်ဆင်လိုက်သည့် အချိန်ဇယားအရ အမှတ် (၈၂) အစုန် ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ အမှတ် (၈၁) အဆန် ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ၃ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။
ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ၏ ထွက်ခွာ/ဆိုက်ရောက်ချိန်များကို ပြင်ဆင်ပြေးဆွဲမည်
May 29 • 1:37 AM
Myanmar
Yangon
Share
| 18 | 0 | 0 | 0 |


