ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ နာမည်လွှဲဖြင့် မြေဝယ်ယူမှုကို တားဆီးရန် မြေယာဦးစီးဌာန စစ်ဆေးမှုများ တင်းကျပ်

May 27 • 2:03 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ နာမည်လွှဲဖြင့် မြေဝယ်ယူမှုကို တားဆီးရန် မြေယာဦးစီးဌာန စစ်ဆေးမှုများ တင်းကျပ်

ထိုင်းနိုင်ငံ မြေယာဦးစီးဌာနသည် နိုင်ငံခြားသားများက ထိုင်းနိုင်ငံသား သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများ၏ နာမည်ကို လွှဲပြောင်းအသုံးပြုကာ မြေဝယ်ယူခြင်း (Nominee) ကို ...

ထိုင်းနိုင်ငံ မြေယာဦးစီးဌာနသည် နိုင်ငံခြားသားများက ထိုင်းနိုင်ငံသား သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများ၏ နာမည်ကို လွှဲပြောင်းအသုံးပြုကာ မြေဝယ်ယူခြင်း (Nominee) ကို တားဆီးရန်အတွက် တန်ဖိုးမြင့်မြေယာ အရောင်းအဝယ်များကို စစ်ဆေးမှု ပိုမိုတင်းကျပ်နေသည်။ အထူးသဖြင့် ဘတ် ၅ သန်းနှင့်အထက် တန်ဖိုးရှိသော မြေဝယ်ယူမှုများ သို့မဟုတ် အနည်းဆုံး ဘတ် ၂ သန်းဖိုး ငွေသားဖြင့် ပေးချေမှုများတွင် ဝယ်ယူသူ၏ ငွေကြေးရင်းမြစ်၊ ဝင်ငွေ၊ အလုပ်အကိုင်နှင့် ဘဏ္ဍာရေးအခြေအနေများကို အသေးစိတ် စိစစ်သွားမည်ဖြစ်ပြီး သံသယဖြစ်ဖွယ်ရှိပါက ဝန်ကြီးထံ တင်ပြသွားမည်ဖြစ်သည်။နိုင်ငံခြားသားနှင့် အိမ်ထောင်ကျထားသည့် ထိုင်းနိုင်ငံသားများအနေဖြင့် မြေဝယ်သည့်ငွေသည် လင်မယားပိုင်မဟုတ်ဘဲ တစ်ဦးချင်းပိုင်ပစ္စည်းဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သလို၊ နိုင်ငံခြားသား၏ အရွယ်မရောက်သေးသည့် ကလေးနာမည်ဖြင့် မြေလွှဲပြောင်းမှုများကိုလည်း အသေးစိတ်စစ်ဆေးမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ရှယ်ယာရှင် သို့မဟုတ် ဒါရိုက်တာပါဝင်သည့် ကုမ္ပဏီများက မတည်ငွေရင်းထက် ပိုများသောပမာဏဖြင့် မြေဝယ်ယူပါက ငွေကြေးရင်းမြစ်ကို စိစစ်မည်ဖြစ်ပြီး၊ ရေရှည်မြေငှားရမ်းသည့် နိုင်ငံခြားသားကုမ္ပဏီများကိုလည်း ဥပဒေနှင့် ညီမညီ စောင့်ကြည့်သွားမည်ဖြစ်သည်။

news-view-count-icon

8