စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းပစ္စည်းများနှင့် ရုပ်ကြွင်းများတွေ့ရှိ

May 26 • 2:11 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းပစ္စည်းများနှင့် ရုပ်ကြွင်းများတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အလယ်ရေရှင်ဒေသတွင် နှစ်ပေါင်း ၄၀၀ မှ ၆၀၀ ဝန်းကျင် သက်တမ်းရှိပြီဟု ယူဆရသော ရှေးဟောင်းအိုးခွက်များနှင့် လူအရိုးစုရုပ်ကြွင်းများကို မ...

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အလယ်ရေရှင်ဒေသတွင် နှစ်ပေါင်း ၄၀၀ မှ ၆၀၀ ဝန်းကျင် သက်တမ်းရှိပြီဟု ယူဆရသော ရှေးဟောင်းအိုးခွက်များနှင့် လူအရိုးစုရုပ်ကြွင်းများကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ရှာဖွေမှုကို ဆရာတော် ဦးဂါရဝနှင့် ဒေသခံများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုဒေသသည် ရှေးယခင်က ကုန်သွယ်မှုနှင့် သတ္တုလုပ်ငန်းများဖြင့် စည်ကားခဲ့သည့် ရွာကြီးတစ်ရွာဖြစ်ကြောင်း အထောက်အထားများအရ သိရသည်။ လက်ရှိတွင် ဒေသသမိုင်းကြောင်းကို ထိန်းသိမ်းရန်နှင့် နောင်လာနောက်သားများ လေ့လာနိုင်ရန်အတွက် "ဒေသန္တရ အမွေအနှစ်ပြခန်း" အမည်ဖြင့် ယာယီပြတိုက်ငယ်တစ်ခု ဖွင့်လှစ်ကာ ခင်းကျင်းပြသထားကြောင်း သိရသည်။

news-view-count-icon

8