မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသူ အမျိုးသားတစ်ဦးအား သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိ

May 25 • 11:06 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသူ အမျိုးသားတစ်ဦးအား သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ညောင်လှရပ်ကွက်၊ ကမ်းနားရပ်တွင် ယနေ့ (မေလ ၂၅ ရက်) နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က လူတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆ...

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ညောင်လှရပ်ကွက်၊ ကမ်းနားရပ်တွင် ယနေ့ (မေလ ၂၅ ရက်) နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က လူတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ စက်လှေ ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ကြသည်။ ထိုသို့ အပူတပြင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေနစ်သေဆုံးသွားခဲ့သည့် အဆိုပါ အမျိုးသား (၁ ဦး) ၏ ရုပ်အလောင်းအား ပြန်လည်ဆယ်ယူရရှိခဲ့ပြီး၊ မိတ်ဆွေကောင်း ပရဟိတအသင်းယာဉ်ဖြင့် ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

5